Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာယာဝတီမြို့နယ်၌ ပန်းကန်စက် ငွေစုငွေချေးသမဝါယမအသင်းလီမိတက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲ ကျင်းပ


29 Nov,2024

သာယာဝတီ နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ပန်းကန်စက်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး နှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲကို နိုဝင်ဘာ ၂၇ ရက်က ကျွဲသတ်အုပ်စု၊ အင်းရွာရှိ အမှတ်(၃၄) အကြီးစားစက်မှုဝန်ကြီးဌာန ပန်းကန်စက် စက်ရုံ ဧည့်ရိပ်သာ၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းအောင်က သမဝါယမလုပ်ငန်းများနှင့်စပ်လျဥ်း၍ အမှာစကားပြောကြားပြီး အသင်းအဖွဲ့၏ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရှေးလုပ်ငန်းစဥ်များကို ဆွေးနွေးအတည်ပြုပြီး ပညာသင်ထောက်ပံ့ငွေ နှစ်သိန်းနှစ်သောင်းကျပ်နှင့် စုဆောင်းငွေပေါ်အတိုးငွေကျပ် တစ်ဆယ့်ငါးသိန်းနှစ်သောင်း ခြောက်ထောင်ရှစ်ရာတစ်ဆယ့်ကိုးကျပ်၊ စုစုပေါင်းငွေကျပ် တစ်ဆယ့်ခုနစ်သိန်းလေးသောင်း ခြောက်ထောင်ရှစ်ရာတစ်ဆယ့်ကိုးကျပ်တို့အား တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

ဆက်လက်၍ အသင်းအမှုဆောင်သစ်ရွေးချယ်ခြင်းကို မြို့နယ်ဖွဲ့စည်းရေးကော်မတီအဖွဲ့က သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ အမှုဆောင်အဖွဲ့ ခုနစ်ဦးကို ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်