ပွင့်ဖြူ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မြို့ပြနှင့်ကျေးလက်ကွာဟမှု ကျဉ်းမြောင်းစေပြီး လူမှုစီးပွားဘဝဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ဆည်မုန်းကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို နိုဝင်ဘာ ၂၇ ရက်နေ့ နေ့လည်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများက ဆည်မုန်းကျေးရွာတွင် ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
ပွင့်ဖြူမြို့နယ်၊ ဆည်မုန်းကျေးရွာ၌ အရှည် ၁ မိုင် ၂ဒသမ ၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၂ပေ ၉ လက်မရှိ ကျောက်ရောမြေခင်း၍ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း၊ Pipe Culvert ၂၀ပေ (၁)စင်း၊ အရှည် ၁၈ ပေ၊ အကျယ် ၆ ပေ၊ အမြင့် ၆ပေရှိ Slab Culvert (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းအား ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၁၂၂ ဒသမ ၄၇၅ သန်းဖြင့် ဇေယျာစွမ်းထက်ကုမ္ပဏီမှ ယခုနှစ် ဇွန် လ ၁၅ ရက်နေ့က တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ ၆၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်ထံမှ သိရှိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်