Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြို့ပင်ကောက်မြို့နယ်၊ တောရကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး


27 Nov,2024

ကြို့ပင်ကောက် နိုဝင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောရကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၊ ကျေးရွာပြည်သူများလုပ်အားထည့်ဝင်မှုတို့ဖြင့် ကျေးရွာတွင်းလမ်း ဂဝံမြေနီခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို  ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ တောရကျေးရွာ၌  မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၊ ကျေးရွာပြည်သူများလုပ်အားထည့်ဝင်မှုတို့ဖြင့် ကျေးရွာတွင်းလမ်း  ဂဝံမြေနီခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များဖြည့်စွက် မှာကြားပါသည်။ 

အဆိုပါ တောရကျေးရွာ ကျေးရွာတွင်းလမ်း  အရှည် ၁၈၇၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မထု ဂဝံမြေနီခင်းခြင်းနှင့် ရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်းတို့ကို  မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေကျပ် ၆၁ ဒသမ ၉ သိန်း၊ ကျေးရွာပြည်သူများ လုပ်အားထည့်ဝင်မှုတို့ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ/ကျေးရွာသားများကိုယ်တိုင် ဇူလိုင်လ ဒုတိယအပတ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးဖြစ်ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm