Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ကြီးမြို့နယ် ကွန်ပျုတာတက္ကသိုလ်အဝင်လမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


26 Nov,2024

တောင်ကြီး နိုဝင်ဘာ ၂၄

       ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တောင်ကြီးကွန်ပျူတာတက္ကသိုလ်အဝင်လမ်းကို မြေသားလမ်းမှကတ္တရာလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန  ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်၊ တောင်ကြီးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဟန်ကိုကိုစိုးတို့သည် တောင်ကြီး ကွန်ပျူတာတက္ကသိုလ်အဝင်လမ်း အရှည် သုံးဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မရှိ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ၏ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ခံအင်ဂျင်နီယာ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မျိုးသီရိလှိုင်အား လုပ်ငန်းများကို သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေး၊သတ်မှတ်ထားသော လမ်းဒီဇိုင်းများ၏ စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်ဝစွာ ဖြင့် အလေးထားဆောင်ရွက်ရန် မှာကြားသည်။

       အဆိုပါ တောင်ကြီးကွန်ပျူတာတက္ကသိုလ်အဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံး ငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ အားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း)ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူး(မြို့ပြ)ထံမှ သိရသည်။

                                                                                     ၂၂၂


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm