Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျုံပျော်မြို့နယ်တွင် ဆောင်းနေကြာသီးနှံ စုပေါင်းမျိုးစေ့ချ စိုက်ပျိုးပွဲပြုလုပ်


22 Nov,2024

ကျုံပျော် နိုဝင်ဘာ ၂၂

၂၀၂၄-၂၀၂၅ ခုနှစ် ကျုံပျော်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ဆောင်းနေကြာ သီးနှံစုပေါင်းမျိုးစေ့ချစိုက်ပျိုးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ တောင်သူဦးချက်၏ ကွင်းအမှတ်(၃၉၇)၊ ဦးပိုင်အမှတ်(၃/၁)၊ ဧရိယာ (၅.၀၀)ဧကရှိ လယ်မြေအတွင်း၌ နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည်။

အခမ်းအနားသို့ ကျုံပျော်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး ဦးမင်းနောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများထံသို့ စိုက်ပျိုးမည့် နေကြာ မျိုးစေ့များအား အသီးသီးပေးအပ်ခဲ့ကြပြီး ရေဆင်းစပ်မျိုး(၁) နေကြာမျိုးအား တက်ရောက် လာသူများနှင့် တောင်သူများစုပေါင်း၍ မျိုးစေ့ချစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm