နေပြည်တော် နိုဝင်ဘာ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်းစံပြကျေးရွာတွင် စပါး၊ ဝါနှင့် နေကြာများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ထားရှိ ရမည့်စာရင်းဇယားပုံစံများရှင်းလင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၂၀ ရက်က ညောင်ကုန်းစံပြကျေးရွာ ခန်းမ၌ ကျင်းပသည်။
အဆိုပါဆွေးနွေးဟောပြောပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့ ရွှေနေကြာစိုက်ပျိုး ရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်း ဥက္ကဋ္ဌ ဦးဝင်းဘိုက နေကြာစိုက်သမဝါယမအသင်း သားများအား ၎င်းဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်နှင့်အခြေအနေများကို ဟောပြောဆွေးနွေးခဲ့ပြီး၊ မိမိ၏နေကြာစိုက်ခင်းမှာ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးမှုကြောင့် နေကြာတစ်ဧကကို အစို ၇၂ တင်း ထွက်ရှိခဲ့ခြင်းကြောင့် အခြားနေကြာစိုက်တောင်သူများကိုလည်း အတုယူစိုက်ပျိုးနိုင်ရန် နေပြည်တော်အတွင်းရှိ နေကြာစိုက်တောင်သူများအား စိုက်ပျိုးဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံမှန်ကန်စွာဖြင့် ၎င်းဆောင်ရွက်ခဲ့သည့်အတွေ့အကြုံများကို ရှင်းလင်းခဲ့ပြီးနောက် တက်ရောက်လာသော နေကြာစိုက်တောင်သူများက သိလိုသည်များမေးမြန်းခြင်း၊ အတွေ့အကြုံ များ ဆွေးနွေးဖလှယ်ခြင်းများ ပြုလုပ်သည်။
ဆွေးနွေးပွဲသို့ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သီသီမြတ်၊ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးနှင့်တာဝန်ရှိသူများ၊ မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ နေပြည်တော်အတွင်းရှိ နေကြာစိုက်သမဝါယမ အသင်း ၄၈ သင်းမှ နေကြာစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။