ဘားအံမြို့နယ် ကမော့ကစင်ကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုကွင်းဆင်းစစ်ဆေး
ဘားအံ နိုဝင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသထုတ်ကုန်များ ဈေးကွက်သို့ လွယ်ကူချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ ကမော့ကစင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို နိုဝင်ဘာလ ၂၀ ရက်နေ့နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ)ဒေါ်ခင်ဇာဝင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်၊ ခရိုင်/မြို့နယ်မှတာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက ကုန်ထုတ်လမ်း ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေ များကို ကြည့်ရှု့စစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)က ကုန်ထုတ်လမ်းအား သတ်မှတ်ရက်အတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
ကမော့ကစင်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းသည် အရှည် ၄ ဖာလုံခွဲ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မ မြေ+ဂဝံလမ်းပေါ်တွင် အရှည် ၅ပေ၊ အကျယ်၂၄ပေ၊ အမြင့် ၅ပေ Box Culvert (၂)စင်းအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေကျပ် ၉၀ သန်းဖြင့် ဌာနစုဖွဲ့ကော်မတီမှ ၂၀၂၄ ခုနှစ် မေလ ပထမအပတ်က စတင်တာဝန်ယူ ဖောက်လုပ်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ၆၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သဖြင့် အဆိုပါ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးပါကကျေးရွာရှိ လယ်ဧက ၂၀၀ ကျော်မှ ထွက်ရှိလာမည့် ဒေသထွက်ကုန်များကို ဈေးကွက်သို့ လွယ်ကူချောမွေ့စွာ သွယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ကရင်ပြည်နယ်ကျေးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး (နည်းပညာ) ဒေါ်ခင်ဇာဝင့်ထံကသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။