လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာ၌ RBF စီမံကိန်းရန်ပုံငွေထုတ်ချေး
လှိုင်းဘွဲ နိုဝင်ဘာ ၂၀
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက RBF စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ဒိုင်းပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံ ငွေ ထူထောင်ခြင်းလုပ်ငန်း RBF ရန်ပုံငွေ ထုတ်ချေးခြင်းကို နိုဝင်ဘာ လ ၂၀ ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ လှိုင်းဘွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းက ဒိုင်းပြကျေးရွာ၌ စိုက်ပျိုးရေး ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ အငယ်စားအလတ်စား စီးပွား ရေးလုပ်ကိုင်သူများအတွက် လိုအပ် သော ငွေကြေးအရင်းအနီးများရရှိစေရန်၊ အသက်မွေးဝမ်းေကျာင်းလုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်တတ် စေရန် စသည့်ရည်ရွယ်ချက်များဖြင့် RBF စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံက အတိုးနှုန်းကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များကိုရှင်းလင်း ပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ဒိုင်းပြ ကျေးရွာတွင် အစုအဖွဲ့စနစ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများေဆာင်ရွက်မည့် အစုအဖွဲ့ ၄ ဖွဲ့မှ အသင်းသားဦးရေ ၂၀ ဦးကို ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း RBF စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း ၃၀၀ အား အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေး ပေးခဲ့ကြောင်း လှိုင်းဘွဲမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းထံက သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။