Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တံတားဦးမြို့နယ်၌ သဘာဝဘေးကြောင့် ကျေးလက်လမ်းပျက်စီးမှု ပြန်လည်ပြုပြင်မည်


18 Nov,2024

တံတားဦး နိုဝင်ဘာ ၁၅

            မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ပျက်စီးခဲ့သည့် သားများဘကျေးရွာအဝင်လမ်းနှင့် ဘူးရောက်- မြင်စိုင်းလမ်းပေါ်မှ ရေကျော်တို့ကို ပြုပြင်ရန်အတွက် ကျေးရွာတင်ပြချက်၊ မြေပြင်လိုအပ်ချက်များအရ နိုဝင်ဘာ ၁၂ ရက်က မန္တလေးတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်အတူ မန္တလေးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ကျောက်ဆည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်စန်းစန်းဝါနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

            ထိုသို့ စစ်ဆေးရာတွင် သားများဘကျေးရွာအဝင်လမ်း လမ်းအရှည် (၁/၂) မိုင်အတွင်း ရေတိုက်စားမှုကြောင့် ပျက်စီးသွားသော လမ်းပိုင်းများ လမ်းကြောင်းပြတ်တောက်မှု မရှိစေရန်နှင့် လတ်တလောသွားလာရေး လွယ်ကူစေရန် ဌာနနှင့် ကျေးရွာ ပူးပေါင်း၍ ပြုပြင်ဆောင်ရွက်ထားမှုနှင့် ထပ်မံပြုပြင်ရန်လိုအပ်သည့် လမ်းပိုင်းနှင့် ရေကျော်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm