Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် နောင်ဘိုကျေးရွာ၌ RBF စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


14 Nov,2024

ဘားအံ နိုဝင်ဘာ ၁၄

ကရင်ပြည်နယ် ဘားအံခရိုင်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာနက နောင်ဘိုကျေးရွာ၌  RBF စီမံကိန်းရန်ပုံငွေများဖြင့် စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာလီထွန်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာလုပ်ငန်းအသင်းအဖွဲ့များနှင့်တွေ့ဆုံ၍ နောင်ဘိုကျေးရွာ၌ RBF စီမံကိန်းရန်ပုံငွေများဖြင့် နွားမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ငွေစာရင်းပုံစံများ စနစ်တကျဖြည့်သွင်းထားခြင်း ရှိ/မရှိနှင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

အဆိုပါ နောင်ဘိုကျေးရွာ၌ RBF စီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း ၃၀ ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး  အသင်းအဖွဲ့(၄)ဖွဲ့အား တစ်ဖွဲ့လျှင်ငွေကျပ် ၇၅ သိန်းထုတ်ချေးထားကြောင်း ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm