Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တတိယအကြိမ် ဝန်ကြီးဌာနမိသားစု စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ တက်ရောက်


13 Nov,2024

နေပြည်တော် နိုဝင်ဘာ ၁၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ် မြောက် စုပေါင်းမဟာဘုံကထိန်၊ ကထိန်လျာသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ပိုင်းက အဆိုပါဝန်ကြီးဌာ၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပျဉ်းမနားမြို့နယ်၊ မေတ္တာ အောင်လံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ခေမာစာရ အမှူးပြုသော ဆရာတော်အရှင်သူမြတ်များ၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီးဒေါ်ကြည်ကြည်မေ၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်သည်။

ရှေးဦးစွာ နမေတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဧည့်ပရိတ်သတ် အပေါင်းတို့က ပျဉ်းမနားမြို့နယ်၊ မေတ္တာအောင်လံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ခေမာစာရ အမှူး ပြုသော ဆရာတော်အရှင်သူမြတ်များကို ဩကာသကန်တော့ချိုးဖြင့် ညီညာဖျဖျ ကန်တော့ကြပြီး ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များ ရွတ်ပွား သရဇ္ဈယ်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများက ကထိဏစီဝရံ ကထိန်သင်္ကန်းနှင့် ဆန်၊ ဆီ၊ ဝတ္ထုအစုစုတို့ကို ဆရာတော်အရှင်သူမြတ်များထံ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် ဗုဒ္ဓသာသနံစိရံတိဋတု (၃) ကြိမ် ရွတ်ဆိုပူဇော်ခဲ့ကြပြီး ပျဉ်းမနားမြို့နယ်၊ မေတ္တာ အောင်လံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ခေမာစာရ အမှူးပြုသော ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းများ ဆက်ကပ်လှူဒန်းခဲ့ကြကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm