ရမည်းသင်း နိုဝင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ပျက်စီးခဲ့သည့် ရန်ကုန်- မန္တလေးလမ်းမှ ကုက္ကိုကုန်းလမ်း ပျက်စီးသွားသော မြေထိန်းနံရံနေရာတွင် မြေထိန်းနံရံ အစားထိုးပြုလုပ်ခြင်းကို ကျေးရွာတင်ပြချက်၊ မြေပြင်လိုအပ်ချက်များအရ နိုဝင်ဘာ ၁၂ ရက်က မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ရမည်းသင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်အေးသူဇာလှ၊ မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးလှိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
အဆိုပါ ရန်ကုန်- မန္တလေးလမ်းမှ ကုက္ကိုကုန်းလမ်း(၂/၁)မိုင်အတွင်း ရေတိုက်စားမှုကြောင့်ပျက်စီးသည့် လမ်းပိုင်းများကို လမ်းကြောင်းပြတ်တောက်မှုမရှိစေရန်နှင့် လတ်တလောသွားလာရေးလွယ်ကူအဆင်ပြေစေရန် ဌာနမှ ပြုပြင်ဆောင်ရွက်ထားမှုနှင့် ထပ်မံပြုပြင်ရန်လိုအပ်သည့် မြေထိန်းနံရံအစားထိုး ပြုလုပ်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။