Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းများအား ခြောက်လချုပ်၊ နှစ်ချုပ်စာရင်းစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် သိရှိလိုက်နာရန်အချက်များအား ဆွေးနွေးပို့ချခြင်းသင်တန်း ဖွင့်လှစ်


12 Nov,2024

ပဲခူး နိုဝင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမအသင်းများအား ခြောက်လချုပ်၊ နှစ်ချုပ်စာရင်း စစ်ဆေးခြင်းဆောင်ရွက်ရာတွင် သိရှိလိုက်နာရန်အချက်များအား ဆွေးနွေးပို့ချခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် ရှင်စောပုခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မူဌေး (သင်တန်း နည်းပြ)၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး (အရှေ့ခြမ်း)ရှိ မြို့နယ်သမဝါယမဦးစီးဌာနများမှ ဦးစီးအရာရှိများ၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌများ၊ သင်တန်းသား/သူများက (Jnperson)ဖြင့် တက်ရောက်ကြပြီး၊ တိုင်းဒေသကြီး (အနောက် ခြမ်း)ရှိ မြို့နယ်သမဝါယမဦးစီးဌာနများမှ ဦးစီးအရာရှိများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌများ၊ သင်တန်းသား/သူများက (Online) စနစ်ဖြင့် တက်ရောက်ကြသည်။

သင်တန်းတွင် သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်က သင်တန်းဖွင့်လှစ်ပို့ချရခြင်း၏ရည်ရွယ်ချက်များနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ သင်တန်းကို သင်တန်းသား/သူ ၅၆ ဦးဖြင့် နိုဝင်ဘာ ၈ မှ ၁၀ ရက်ထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm