Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်လံမြို့နယ် မအူခုံကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ထုတ်ချေး


12 Nov,2024

အောင်လံမြို့နယ် မအူခုံကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ထုတ်ချေး

အောင်လံ နိုဝင်ဘာလ ၁၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက် နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ မအူခုံကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေ တတိယအကြိမ်ထုတ်ချေးခြင်းကို နိုဝင်ဘာလ ၁၁ရက်နေ့ နေ့လယ်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီက မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)လည်ပတ်ရန်ပုံငွေထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များ၊ ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကန်း(ဆီထွက်သီးနှံ)အသင်းသား၊ အသင်းသူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေ ပြည်သူများလိုက်နာရမည့်တာဝန်များ၊ ရပိုင်ခွင့်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက မအူခုံကျေးရွာရှိ ဆီထွက်သီးနှံဖြစ်သည့် နေကြာ၊ မြေပဲနှင့်နှမ်းစိုက်ပျိုးရေးလုပ်ကိုင်သူ ၁၁၅ဦးကို  မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေကျပ် ၂၆ဒသမ၈သန်း ထုတ်ချေးပေးခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီက ပြောပြ၍သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm