Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် နိုင်ကြာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး


13 Nov,2024

ဘားအံမြို့နယ် နိုင်ကြာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး

ဘားအံ နိုဝင်ဘာ ၁၃

ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ဘားအံမြို့နယ်၊ နိုင်းကြာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများဖြင့် စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ပိုင်းကနှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထားထားနွယ်၊ ပြည်နယ်နယ်နှင့် မြို့နယ်မှ စီမံကိန်းတာဝန်ခံဝန်ထမ်းများက နိုင်ကြာကျေးရွာမြစိမ်းရောင်စီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များနှင့်တွေ့ဆုံ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ငွေစာရင်းပုံစံများ စနစ်တကျဖြည့်သွင်းထားခြင်း ရှိ/မရှိနှင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးကြည့်ရှု့ပြီး လိုအပ်သည်များမှာကြားသည်။

အဆိုပါ နိုင်ကြာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း ၃၀ ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအရင်း/အတိုးငွေစုစုပေါင်း  ၅၂ ဒသမ ၃၆၆ သန်းရရှိနေပြီး သတ္တမနှစ်စက်ဝန်းအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်အဝယ်လုပ်ငန်းများလုပ်ကိုင်သူ စုစုပေါင်း အသင်းသား ၅၅ ဦးကို မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကျပ် ၄၆ ဒသမ ၅ သန်းအား အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးထားကြောင်း ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထားထားနွယ်ထံမှသိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm