စဉ့်ကိုင် နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ပျက်စီးခဲ့သည့် ရသာ - နန်းနီ-အုန်းလက္ကောက်လမ်းကို ကျေးရွာတင်ပြချက်၊ မြေပြင်လိုအပ်ချက်များအရ ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်အတူ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ကျောက်ဆည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်စန်းစန်းဝါ၊ မြို့နယ်တာဝန်ခံ ဒေါ်အိဇာထွေး၊ ကျေးရွာမှတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ စစ်ဆေးရာတွင် ရသာ - နန်းနီ - အုန်းလက္ကောက်လမ်းအရှည် (၄/၄)မိုင်အတွင်း ရေတိုက်စားမှုကြောင့် ပျက်စီးသွားသော လမ်းပိုင်းများကို လမ်းကြောင်းပြတ်တောက်မှု မရှိစေရန်နှင့် လတ်တလော သွားလာရေးလွယ်ကူအဆင်ပြေစေရန် ဌာနနှင့်ကျေးရွာ ပူးပေါင်း၍ ပြုပြင်ဆောင်ရွက်ထားမှုနှင့် ထပ်မံပြုပြင်ရန်လိုအပ်သည့် လမ်းပိုင်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းရန် မှာကြားသည်။
အဆိုပါ လမ်းမှာ ကျေးရွာ ငါးရွာ၊ အိမ်ခြေ ၉၉၂ အိမ်၊ လူဦးရေ ၃၀၀၁ ဦးအတွက် အကျိုးပြုမည့်လမ်းဖြစ်ကြောင်း သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။