Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒက္ခိဏသီရိမြို့နယ်သမဝါယမအသင်းစု(လီမိတက်) နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ


13 Nov,2024

နေပြည်တော် နိုဝင်ဘာ ၁၃

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ် တင်မြှောက်ပွဲကို နိုဝင်ဘာ ၉ ရက်က ဒက္ခိဏသီရိမြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

          အစည်းအဝေးတွင် ဒက္ခိဏသီရိမြို့နယ်သမဝါယမအသင်းစု(လီမိတက်) ဥက္ကဋ္ဌက သဘာပတိ အဖြစ် ဆောင်ရွက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ပြီး  နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်ယုယုအေးက ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ အမှုဆောင်ဒါရိုက်တာအဖွဲ့၏လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများ၊ အသင်း၏ ဘဏ္ဍာရေးအစီရင်ခံစာများကို အမှုဆောင်အဖွဲ့ဝင်အသီးသီးက ဖတ်ကြားတင်ပြခဲ့ရာ တက်ရောက်လာ သော အသင်းဝင်ကိုယ်စားလှယ်များက ကန့်ကွက်ရန်မရှိပါသဖြင့် သဘာပတိက အတည်ပြုခဲ့သည်။

ထို့နောက် အမှုဆောင်အဖွဲ့သစ်ပြန်လည်ရွေးချယ်တင်မြှောက်ခြင်းကို တိုင်းဒေသကြီးအဆင့် ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ခြင်းနှင့်ပတ်သက်၍ အဆိုပြုထောက်ခံရွေးချယ်သည့်စနစ်၊ လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်သည့်စနစ် စသည်တို့ကို ရှင်းလင်းပြောကြားပြီး၊ တက်ရောက်လာသော အသင်းဝင်ကိုယ်စားလှယ်များ၏ဆန္ဒအတိုင်း သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ သမဝါယမကိုယ်စားလှယ်များအတွင်းမှ အမှုဆောင်ဒါရိုက်တာအဖွဲ့ ငါးဦးနှင့် အသင်းစာရင်းစစ်နှစ်ဦးတို့ကို ရွေးချယ်တင်မြှောက်ခဲ့ပြီး၊ ရွေးချယ်တင်မြှောက်ခံရသည့် အမှုဆောင် ဒါရိုက်တာအဖွဲ့ငါးဦးမှာ အချင်းချင်းတာဝန်ခွဲဝေသတ်မှတ်ခြင်း၊ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာ ခံယူခြင်းတို့ကို ပြုလုပ်ခဲ့သည်။

          အဆိုပါအခမ်းအနားသို့ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးနှင့် တာဝန်ရှိသူများ၊ နေပြည်တော်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးတင်ထွန်းနှင့် တိုင်းဒေသကြီးအဆင့် ဖွဲ့စည်းရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm