Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာယာဝတီမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးများ ရိတ်သိမ်း


13 Nov,2024

သာယာဝတီ နိုဝင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် မကျီးကွင်းကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တွင်  မြို့နယ်သမဝါယမအသင်းစုမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရယူဆောင်ရွက်သည့် မာလာဖူးစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားဦးစိန်ဝင်း၏ လယ်ဧကများတွင် စိုက်ပျိုးခဲ့သည့် ဗီယမ်နမ်(ဆာဖိုးသာ) မိုးစပါးများ ရိတ်သိမ်းခဲ့သည်။

သာယာဝတီမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သမဝါယမ အသင်းလေးသင်းရှိပြီး လယ်ဧက ၂၀၀၀ ဧကတွင် ဆောင်ရွက်သည့်အနက် မကျီးကွင်းကျေးရွာ မာလာဖူးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားဦးစိန်ဝင်း၏ လယ်ငါးဧကကို စတင်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါး ၁၀၁ တင်း ထွက်ရှိပြီး စုစုပေါင်း ငါးဧကအတွက် ၅၀၅ တင်း ထွက်ရှိသည်။

အဆိုပါ မိုးစပါးရိတ်သိမ်းနေမှုကို မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm