Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေတောင်မြို့၌ နေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်


11 Nov,2024

ရွှေတောင် နိုဝင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်းရှိ (၂၀၂၄-၂၀၂၅)အတွက် သမဝါယမ ကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား နေကြာသီးသန့်စိုက်ပျိုးဧက(၁၈၀)ဧကအတွက် နေကြာအထွက်တိုး မျိုးကောင်းမျိုးသန့် (ရေဆင်းစပ်မျိုး-၁) သွင်းအားစုများပေးအပ်ပွဲနှင့် ဓာတ်မြေသြဇာထောက်ပံ့ပွဲအခမ်းအနားကို နိုဝင်ဘာ ၈ ရက်က မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

ရွှေတောင်မြို့နယ်တွင် သမဝါယမကဏ္ဍမှ နေကြာစိုက်ပျိုးရေးစီမံကိန်းကို အသင်း သား(၄၅)ဦးတို့၏ စိုက်ဧက(၁၈၀)တွင် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောင်းဆီထွက် သီးနှံနေကြာရေဆင်းစပ်မျိုး(၁) နေကြာတစ်မျိုးတည်းကိုသာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း နှင့် စိုက်ဧက(၁၈၀)အတွက် တစ်ဧကလျှင် (၂) သိန်းနှုန်းသွင်းအားစုများနှင့် ရေဆင်းစပ်မျိုး (၁)နေကြာမျိုးစေ့များ၊  ဓာတ်မြေသြဇာများကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ထက်ထက်လွင်နှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများက အသင်းသား တောင်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm