Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ငဖဲမြို့နယ်၊ သာယာကုန်းကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး


11 Nov,2024

ငဖဲမြို့နယ်၊ သာယာကုန်းကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

ငဖဲ နိုဝင်ဘာ ၉


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် သာယာကုန်း ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို နိုဝင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါဖြိုးပြည့်စုံဟိန်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ သာယာကုန်းကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအ‌ခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်မှာကြားခဲ့ပြီး  ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            သာယာကုန်းကျေးရွာ၌ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့်  ၁၂  ပေ ဘက်စုံုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းကို VDP စီမံကိန်းထောက်ပံ့ငွေ ကျပ် သိန်း ၁၅၀ နှင့် ပြည်သူထည့်ဝင်ငွေ ကျပ် ၂၄၃ သိန်း ၊ စုစုပေါင်းငွေကျပ် ၃၉၃ သိန်း  ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ/ကျေးရွာသားများကိုယ်တိုင်   ယခုနှစ် ဩဂုတ်လ  ၁၃ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်း‌ဆောင်ရွက်မှုမှာ ၆၀ ရာခိုင်နှုန်း  ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်ထံမှ သိရသည်။
 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm