ပြင်ဦးလွင် နို၀င်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို နိုဝင်ဘာ ၉ ရက်က အိုအေစစ်ခန်းမ တွင် ကျင်းပသည်။
အဆိုပါ အစည်းအဝေးတွင် ပြင်ဦးလွင်မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်တင် က သဘာပတိအဖြစ်ဆောင်ရွက်ပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းဇော်ဦးက မူဝါဒနှင့်အညီသမဝါယမအသင်းများ၏ ရှေးလုပ်ငန်းစဉ်များနှင့် စီမံကိန်း လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် ပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်က ဆောင်ရွက်ဆဲနှင့်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်အဖွဲ့၏အစီရင်ခံစာ၊ အသင်းစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို တာ၀န်ရှိသူများက ရှင်းလင်းဖတ်ကြားပြီး သဘာပတိက အသင်း၀င်ကိုယ်စားလှယ်များထံမှ အတည်ပြုချက်ရယူ သည်။
ဆက်လက်ပြီး တက်ရောက်လာသောအသင်း၀င်များအား အစုပေါ်အမြတ်ငွေ တစ်သင်း လျှင်(၁၀,၀၀၀)နှုန်းဖြင့် ငွေကျပ်(၁၆)သိန်း၊ တက်ရောက်လာသော အသင်း၀င်ကိုယ်စားလှယ် တစ်ဦးလျှင်(၂၀,၀၀၀)နှုန်းဖြင့် ငွေကျပ်(၂၀)သိန်း၊ တက္ကသိုလ်၀င်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူ(၈)ဦးအား ပညာသင်စရိတ်ထောက်ပံ့ငွေကျပ်(၅)သိန်း စုစုပေါင်း ငွေကျပ်(၄၁) သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။