ဖြူး နိုဝင်ဘာ ၁၁
မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းပို့ကုန် ကုမ္ပဏီများမှစုပေါင်း၍ လွန်ခဲ့သည့်ရေကြီးနှစ်မြှပ်မှုဖြစ်ပေါ်နေသည့်ဒေသများတွင် အချိန်မီစိုက်ပျိုး နိုင်ရန် မတ်ပဲမျိုးစေ့နှင့် နေကြာစပ်မျိုး(၁)ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၇ ရက်က ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်း လီမိတက်ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် က တက်ရောက်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ နေကြာစိုက်တောင်သူများ၊ စုစုပေါင်း(၅၂)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲ အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ မတ်ပဲမျိုးစေ့(၂၄၆၀)ပိဿာအား ဖြူးမြို့နယ်၊ လူငယ့်အားမာန်အသင်းဥက္ကဋ္ဌထံသို့လည်းကောင်း၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က နေကြာစပ်မျိုး(၁)နေကြာမျိုးစေ့နှင့် သွင်းအားစုဓာတ်မြေဩဇာ များကို အသင်းသား ဦးတင်ထွန်းနှင့် ဦးဘိုလှတို့ထံပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။