ပန်းတောင်း နိုဝင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်သမဝါယမအသင်းစုလီမိတက်က ဆီထွက်သီးနှံ (ဆောင်းနေကြာ)စိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများသို့ နေကြာမျိုးစေ့၊ MPE ပုလဲ ဓါတ်မြေဩဇာနှင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၄ ရက်က မြို့နယ်သမဝါယမ ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူက တက်ရောက်လာကြသည့် အသင်းသားတောင်သူများအား ဆီထွက်သီးနှံ(ဆောင်းနေကြာ)နှင့်ပတ်သက်၍စိုက်ပျိုးမှု၊ သွင်းအားစု ဓါတ်မြေဩဇာသုံးစွဲမှုနည်းစနစ်များအား ပြောကြားသည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက ဆီထွက်သီးနှံ (ဆောင်းနေကြာ) စိုက်ပျိုးဆောင်ရွက်မှုလုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားပြီး သမဝါယမအသင်း ၇ သင်း၊ အသင်းသား ၂၄ ဦး၊ စိုက်ဧက ၁၃၅ ဧကအတွက် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော ရေဆင်းစပ်မျိုး(၁)နေကြာမျိုး၊ MPE ပုလဲဓါတ်မြေဩဇာနှင့် သွင်းအားစုများ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်