မြစ်ကြီးနား နိုဝင်ဘာ 8
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် လော့ဒ်အောင်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ် တင်မြှောက်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ အ.မ.က(မူလတန်းကျောင်း)၊ ကြာရာပတ္တီးရပ်ကွက်၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နိုင်နိုင်မော်က သမဝါယမ လုပ်ငန်းများဆိုင်ရာနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ကြောင်း၊ အသင်းအမှုဆောင်အဖွဲ့၏အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးအတည်ပြုပြီးနောက် အသင်းသားများအား ချီးမြှင့်ငွေကျပ် ၁၄၃၀၀၀၀၊ စုဆောင်းငွေပေါ်အတိုးငွေကျပ် 8၃၂၇၅၆၅၊ တက်ရောက်လာသော အသင်းသား/သူ ၁၂၀ ဦးအတွက် တစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၆၀၀၀၀၀၊ စုစုပေါင်း ထုတ်ပေးငွေကျပ် ၁၀၃၅၇၅၆၅ အား ပေးအပ်ခဲ့သည်။ ထို့နောက် အသင်းအမှုဆောင်အဖွဲ့သစ် ရွေးချယ်ပွဲကို မြို့နယ်ဖွဲ့စည်းရေးကော်မတီအဖွဲ့က သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ အမှုဆောင်အဖွဲ့ ၆ ဦးကို ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။