Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်လမ်းသုံးလမ်းကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ


08 Nov,2024

မင်းဘူး နိုဝင်ဘာ ၇

            မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကျေးလက်လမ်းသုံးလမ်းကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

        လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ရွာသာယာကျေးရွာအဝင်လမ်းအား မူလကျောက်လမ်းပေါ်၌ လမ်းအကျယ် ၄ ဒသမ ၂၇ မီတာ၊ ထု ၁၇၅ မီလီမီတာ၊ အရှည် သုည/၅ ဒသမ ၁၇ မိုင်အား ကွန်ကရစ်လမ်းခင်းပြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ခွင့်ပြုငွေ ကျပ်၁၄၂ ဒသမ ၉၇၀ သန်း၊ ဆင်လမ်းကြီး- ရေပေါ်ကြီး ကျေးရွာချင်းဆက်လမ်း အရှည် ၅ မိုင်အား မြေသားတာပေါင်ချဲ့၍ လမ်းအကျယ် ၅ ဒသမ ၄၉ မီတာ၊ ထု ၂၀၀ မီလီမီတာ မြေနီလမ်းခင်းခြင်းလုပ်ငန်းကို ခွင့်ပြုငွေကျပ် ၂၂၅ ဒသမ ၂၆၀ သန်း၊ မကျီးစု-ပေါက်ပင်တွင်းကျေးရွာချင်းဆက်လမ်းအရှည် ၂/၄ မိုင်အား မြေသားတာပေါင်ချဲ့၍ အကျယ် ၅ ဒသမ ၄၉ မီတာ၊ ထု ၂၀၀ မီလီမီတာမြေနီလမ်းခင်းခြင်းလုပ်ငန်းကို ခွင့်ပြုငွေကျပ် ၁၁၂ ဒသမ ၆၄၄ သန်းဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm