ပင်းတယ နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်သမဝါယမအသင်းစု ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက် ခြင်းကို မြို့နယ်သမဝါယမအသင်းစုရုံးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌက ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများ တင်ပြခြင်း၊ နှစ်ချုပ်စစ်ဆေးချက်အစီရင်ခံစာများ၊ ဘဏ္ဍာရေးရှင်းတမ်းများဖတ်ကြားခြင်း၊ ရှေ့လုပ်ငန်းစဉ် များ ချမှတ်၍ အတည်ပြုချက်များ ရယူကာ အမှုဆောင်အဟောင်းများ နုတ်ထွက်ခဲ့ကြသည်။
ဆက်လက်၍ အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲတွင် သဘာပတိအဖြစ် ပြည်နယ်အဆင့် ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌအဖြစ် ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က ဆောင်ရွက်ပြီး အမှုဆောင်သစ် များကို အများဆန္ဒနှင့်အညီ စနစ်တကျ ရွေးချယ်၍ အတည်ပြုချက်ရယူခြင်း၊ ကတိသစ္စာခံယူခြင်းတို့ ဆောင်ရွက်ကာ ရွေးချယ်တင်မြှောက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးက အမှုဆောင်အသစ် များနှင့် အသင်းဝင်ကိုယ်စားလှယ်များအား ရုရှားမြေသြဇာအသုံးပြုပုံနည်းစနစ်များ ရှင်းလင်းပြီးနောက် အသင်းသားတောင်သူများ စိုက်ပျိုးထားသော ဆီနေကြာစိုက်ပျိုးဖြစ်ထွန်းနေမှုများအား ကွင်းဆင်း ကြည့်ရှုခဲ့ပြီး ပိုးသတ်ဆေး မြေသြဇာသွင်းအားစုများ ရယူဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်