Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နတ်မောက်မြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်းဆောင်ရွက်နေမှုစစ်ဆေး


07 Nov,2024

နတ်မောက် နိုဝင်ဘာ ၆

            မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အမှတ်(၁)ခရိုင်ချင်းဆက်လမ်းမကြီးမှ ပေါက်ကံ-ရွှေပန်းတော ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို နိုဝင်ဘာလ ၆ ရက်တွင် ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နတ်မောက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၃ (မြို့ပြ) ဒေါ်ရွှေစင်ဝင်းသူနှင့် တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် နတ်မောက်မြို့နယ် အမှတ်(၁)ခရိုင်ချင်းဆက်လမ်းမကြီးမှ ပေါက်ကံ - ရွှေပန်းတော ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

           အဆိုပါ ကျေးရွာချင်းဆက်လမ်းမှာ အရှည် ၆ ဖာလုံ၊ အကျယ် ၁၈ ပေ၊ ၈ လက်မထု ကျောက်ချောခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၈၀ ဒသမ ၁၅ သန်းဖြင့် မိုးမခသဇင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းအားလုံး၏ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

သန်းလွင်(မကွေး)

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm