မင်းဘူးမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်
မင်းဘူး နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လာနိုင်စေရန်၊ လုပ်ငန်းစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျွမ်းကျင်လုပ်သားများပေါ်ပေါက်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၆ ရက်နေ့ နံနက် ၁၀ နာရီက ကုန်းသာကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာများက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော တာဝန်ရှိသူများက သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများ အသီးသီးပေးအပ်ကြသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား ၂၀ ဦး တက်ရောက်ကြပြီး စာတွေ့လက်တွေ့ဖြင့် (၆.၁၁.၂၀၂၄)မှ (၂၀.၁၁.၂၀၂၄)ရက်နေ့အထိ ၁၅ ရက်ကြာ အခမဲ့သင်ကြားပို့ချလျက်ရှိကြောင်း မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။