Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

SSID e-Commerce Website အား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးအတွက် User Training သင်တန်းဖွင့်လှစ်


06 Nov,2024

နေပြည်တော်၊ နိုဝင်ဘာ ၅

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် e-Government လုပ်ငန်းစဉ်များနှင့် MSMEs လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် SSID e-Commerce Website အား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး ၎င်း Website အား ကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ User Training သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ Secure Link Co.,Ltd. မှ နည်းပြများ နှင့် သင်တန်းသားများ စုစုပေါင်း(၂၅)ဦး တက်ရောက်ကြပါသည်။

          ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က ယခု e-Commerce Website တည်ထောင်ခြင်းဖြင့် e-Government လုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိမိတို့ ဌာနတွင် မှတ်ပုံတင်ထားသော အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများကို တစ်ဖက် တစ်လမ်းမှ ဈေးကွက်ရှာဖွေပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း e-Commerce Website အား ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးနှင့် လိုအပ်သည့် Data များကို ထည့်သွင်းနိုင်စေ ရေးအတွက် ကြိုးစားသင်ယူကြရမည်ဖြစ်ပါကြောင်း စသည့်ဖြင့် ပြောကြားခဲ့ပါသည်။

          ယခု ဖွင့်လှစ်သော  User Training သင်တန်းတွင် Web Portal အကြောင်း၊ Web Site တွင် သက်ဆိုင်ရာကဏ္ဍအလိုက် ထည့်သွင်းဖော်ပြမည့် အချက်အလက်များ ထည့်သွင်းခြင်း၊ ဌာနတွင် မှတ်ပုံတင်ထားသော လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများနှင့် သက်ဆိုင်သည့် အချက်အလက်များ ထည့်သွင်းခြင်း၊ Admin Control ဆိုင်ရာ ကိစ္စရပ်များ၊ Vender များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သော Register ပြုလုပ်ခြင်း၊ Log In ဝင်ခြင်း၊ ထုတ်ကုန်ပစ္စည်းများအား Web Site ပေါ်သို့ ထည့်သွင်းခြင်း နှင့် Payments System ဆိုင်ရာ အကြောင်းအရာများအား သင်ကြား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်