Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိဇံမွေးမြူရေးဇုန် ကျောက်ချောလမ်းသစ်များဖွင့်


06 Nov,2024

ဘားအံ နိုဝင်ဘာ ၂

            (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မိဇံမွေးမြူရေးဇုန် ကျောက်ချောလမ်းသစ်များဖွင့်ပွဲကို နိုဝင်ဘာ ၂ ရက်က အဆိုပါ ကျောက်ချောလမ်းသစ်များ မုခ်ဦး၌ကျင်းပသည်။

         ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၅၇၁ ဒသမ ၄၅၂ သန်းဖြင့် ဇွဲကပင်မေမေကုမ္ပဏီ၊ ငွေကမ္ဘာအောင်ကုမ္ပဏီ၊ သပြေသုခကုမ္ပဏီ၊ ကောင်းမြတ်အောင်ကျော်ကုမ္ပဏီတို့က တာဝန်ယူဆောင်ရွက်သော မိဇံမွေးမြူရေးဇုန်ပင်မ အဝင်လမ်း၊ ဇုန်အတွင်းလမ်း၊ ဇုန်ပတ်လမ်း ကျောက်ချောလမ်းသစ်များ ၄ မိုင် ၅ ဒသမ ၄ ဖာလုံနှင့် ကွန်ကရစ်တံတားတစ်စင်း အကျယ်ချဲ့ခြင်းတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မိဇံမွေးမြူရေးဇုန်အတွင်း ကျောက်ချောလမ်းသစ်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယင်းနောက် ကျောက်ချောလမ်းသစ်များဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မိဇံမွေးမြူရေးဇုန်အတွင်း ဝက်နှင့်ဆိတ်မွေးမြူရေးလုပ်ငန်းများကို အဓိကဆောင်ရွက်လျက်ရှိပြီး လမ်းများကို ကွန်ရက်များသဖွယ် ချိတ်ဆက်ထားခြင်းကြောင့် သွားရေးလာရေးလွယ်ကူပြီး မွေးမြူရေးထုတ်ကုန်များကို ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့လျင်မြန်စွာ ပို့ဆောင်နိုင်သည့် ပြည်နယ်၏ အဓိကမွေးမြူဇုန်ကြီးတစ်ခုအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ပြောကြားပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိဇံမွေးမြူရေးဇုန်အတွင်း တောင်သူ ဦးစောကပေါ်ထူး၏ ဝက်ကောင်ရေ (၁၀၀) မွေးမြူရေးခြံ၊ Yoon Sa Lin Goat MZ-Farm ၏ ဆိတ်ကောင်ရေ ၁၅၀ မွေးမြူရေးခြံတို့ကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်