Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တပ်ကုန်းမြို့နယ်အတွင်း သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် ဝါသီးနှံများမှ ထွက်ရှိလာသောဝါဂွမ်းများ ဈေးကောင်းပေးဝယ်ယူနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်


05 Nov,2024

နေပြည်တော် နိုဝင်ဘာ ၅

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ အလည်ကျွန်းကျေးရွာ၊ မြောက်မြိုက် (အရှေ့/အနောက်)ကျေးရွာနှင့် အင်ပင်ကျေးရွာတို့တွင် သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုး ထားရှိသည့် ဝါသီးနှံများမှ ထွက်ရှိလာသော ဝါဂွမ်းများအား ဈေးကောင်းရရှိစေရေး၊ ဈေးကွက်အနှိမ် မခံစေရေးနှင့် တိုက်ရိုက်ဝယ်လိုသူများလက်ဝယ်အထိ ရောင်းချနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးရန် အတွက် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သီသီမြတ်သည် နေပြည်တော်သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများ၊ သမဝါယမကဏ္ဍမှ ပါဝင်ကူညီဆောင်ရွက်ပေးမည့် “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်မှ တာဝန်ရှိသူများနှင့်အတူ ဝါသီးနှံစိုက်ပျိုးထားသည့် ကျေးရွာများသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ဝါသီးနှံစိုက်ပျိုးထားသည့် သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံပြီး ထွက်ရှိလာသည့် ဝါဂွမ်းများအား ကုမ္ပဏီနှင့် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန်၊ ဒေသပေါက်ဈေးပေါ် မူတည်ပြီး ဈေးနှုန်းပိုပေး၍ ဈေးကောင်းရရှိစေရန် ဝယ်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သီးနှံပိုမို အထွက်တိုးလာစေရေးအတွက် မျိုး၊ သွင်းအားစုများနှင့် သဘာဝမြေဩဇာများကိုလည်း ကုမ္ပဏီများနှင့်ချိတ်ဆက်ပေးပြီး သီးနှံပေါ်ပေး စနစ်ဖြင့် လာမည့်နှစ်များတွင် စိုက်ပျိုးချိန်မတိုင်မီ ကြိုတင်ဖြန့်ဖြူးပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ အထွက်တိုးမျိုးကောင်းမျိုးသန့်များအား စိုက်ပျိုးကြရန်နှင့် ယနေ့ ဝါဂွမ်းများ၏ ဒေသပေါက် ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၂၈၀၀/၂၉၀၀ ကျပ်နှုန်းဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် သမဝါယမ အသင်းသားများမှ ယနေ့ဆွတ်ခူးပြီးသည့် ဝါဂွမ်းများအား “လှ” ချည်မျှင်ထုတ်လုပ်ရေးသမဝါယမ အသင်းလီမိတက်မှ တစ်ပိဿာလျှင် ၃၂၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူပေးသွားမည်ဖြစ်ကြောင်းနှင့် နေ့အလိုက် ဈေးနှုန်းပြောင်းလဲမှုအပေါ် မူတည်ပြီး ဈေးကောင်းရရှိစေရေး၊ ဈေးနှိမ်ခံရမှုမရှိစေရေး တို့အတွက် ဝါအဝယ်ဒိုင်များအား “လှ” ချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်မှ တာဝန်ယူ၍ ကျေးရွာများတွင် ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော အသင်းသား၊ တောင်သူများမှ သိလိုသည်များ မေးမြန်း ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး သမဝါယမအသင်းသားများမှ စိုက်ပျိုး ထားသည့် ဝါခင်းများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်