ဖာပွန်မြို့နယ် ကမမောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး
ဖာပွန် နိုဝင်ဘာ ၅
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ကမမောင်း ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများဖြင့် စီမံကိန်းလုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ခရိုင်ဦးစီးမှူး ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဖာပွန်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ခရိုင်ဦးစီးမှူး ဦးခင်မောင်ဝင်း၊ မြို့နယ်ဦးစီးမှူး ဦးပြည့်ဦးကိုကိုနှင့်ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ကမမောင်း ကျေးရွာ ရပ်ကွက် (၄)၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှု ငွေစာရင်းပုံစံများ စနစ်တကျ ဖြည့်သွင်းထားခြင်း ရှိမရှိအခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးခင်မောင်ဝင်းက စီမံကိန်းရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ကမမောင်းကျေးရွာရပ်ကွက် (၄)၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်း ၃၀ ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး နဝမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၃၅ဦး၊မွေးမြူရေးလုပ်ငန်းလုပ်ကိုသူ ၅၀ ဦး၊အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ ၃၉ဦး၊အသက် မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ ၇ဦး၊ စုစုပေါင်း အသင်းသား/အသင်းသူ ၁၃၁ဦးကို မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၄၅ သိန်းအား အတိုးနှုန်း သက်သာစွာဖြင့်ထုတ်ချေးပေးထား ကြောင်း ဖာပွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။