Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်မှာကြား


04 Nov,2024

နေပြည်တော် နိုဝင်ဘာ ၄

ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကော်မတီဝင် ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

          ရှေးဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြော ကြားရာတွင် နိုဝင်ဘာလအတွက် ရည်ညွှန်းဈေးနှုန်းများ ထပ်မံထုတ်ပြန်ပေးနိုင်ရေးနှင့် ဒေသအလိုက် ရောင်းဈေးနှုန်းများအပေါ် ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာတန်ချိန် ၁.၆ သန်းနဲ့ ပိုးသတ်ဆေး တန်ချိန် ၃၂၀၀၀ တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ချက်အရ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာ (၂၉) ရက်နေ့အထိ သွင်းအားစုများတင်သွင်းသည့် ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိရေး ထောက် ခံပေးထားရာ မြေဩဇာတန်ချိန် ၉၆၉၆၇၅.၇၇ တန်နဲ့ ပိုးသတ်ဆေးတန်ချိန် ၁၅၃၅၈.၉၇ တန် တင်သွင်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ကုမ္ပဏီတွေရဲ့တင်ပြချက်အရ ဓာတ်မြေဩဇာအတွက် လိုင်စင်ရရှိပြီး တန်ချိန် ၈၁၀၅၀၁.၂၄ တန် ရှိပြီး မတ်လလက်ကျန်နဲ့ ဧပြီလမှစ၍ တင်သွင်းပြီးတန်ချိန်စုစုပေါင်း ၇၂၁၅၃၁.၄ တန် ရှိပါကြောင်း၊ ဖြန့်ဖြူးရောင်းချပြီးမှုအနေနဲ့ တန်ချိန် ၅၁၂၉၈၃.၈၄ တန် ရှိပြီး ဂိုဒေါင် လက်ကျန်အနေနဲ့ တန်ချိန် ၂၀၈၅၄၈.၀၉ တန် ရှိကြောင်း၊ ပိုးသတ်ဆေးအတွက် လိုင်စင်ရပြီး တန်ချိန် ၁၂၇၇၂.၃၇ တန်ရှိပြီး မတ်လလက်ကျန်နှင့် ဧပြီလမှစ၍ တင်သွင်းပြီးတန်ချိန်စုစုပေါင်း ၁၉၃၀၈.၇၆ တန် ရှိပါကြောင်း၊ ဖြန့်ဖြူးရောင်းချပြီးမှုအနေနဲ့ တန်ချိန် ၁၅၉၇၈.၁၈ တန်ရှိပြီး ဂိုဒေါင်လက်ကျန် အနေနဲ့ တန်ချိန် ၃၃၃၀.၅၈ တန် ရှိပါကြောင်း၊

          ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများမှာ ၃၁-၁၀-၂၀၂၄ ရက်၌ သတ်မှတ်ကာလပြည့်ပြီ ဖြစ်သည့်အတွက် ဈေးနှုန်းထပ်မံသတ်မှတ်ရမှာ ဖြစ်ပြီး ယှဉ်ပြိုင်ဈေးနှုန်းစနစ်နဲ့ ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြေဩဇာအသင်းမှလည်း ယှဉ်ပြိုင်ဈေးနှုန်းနဲ့ပတ်သက်ပြီး ကုမ္ပဏီများလိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်ထားမှုကို တင်ပြထားပါကြောင်း၊ စည်းကမ်းများနဲ့အညီ ဆောင်ရွက် ပေးရန် ပြောကြားလိုကြောင်း၊ မြေဩဇာအသင်းက တင်ပြသော ရည်ညွှန်းဈေးနှုန်းများအပေါ် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း၊ ဦးဆောင်ကော်မတီအနေဖြင့် ရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန်ရာမှာ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ အရောင်းဆိုင်များအား ရန်ကုန်အထိုင်ရည်ညွှန်းဈေးနှုန်းကို အခြေခံပြီး ဒေသအလိုက် သယ်ယူ ပို့ဆောင်စရိတ်နှင့် အရောင်းဆိုင်အမြတ်တို့အပေါ် ပိုမိုရောင်းချနေမှုရှိပါက စိစစ်ကြီးကြပ်ဆောင်ရွက် ပေးရန်၊ သတ်မှတ်ရောင်းဈေးနှုန်းများ မှန်/ မမှန်၊ သွင်းအားစုများ သိုလှောင်ပြီးဈေးကစားခြင်းများ ရှိ/မရှိ တို့ကို ကြီးကြပ်ဆောင်ရွက်ပေးရန် သက်ဆိုင်ရာအစိုးရအဖွဲ့များထံ ထည့်သွင်းညှိနှိုင်းပေး လျက် ရှိပါကြောင်း၊ ဒါ့အပြင် ဦးဆောင်ကော်မတီအဖွဲ့ဝင်များ သိရှိနိုင်အောင် ပေးပို့လျက်ရှိသဖြင့် ဆိုင်ရာဌာန/အဖွဲ့များ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် ပြောကြားလိုပါကြောင်း၊

သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းသက်သာစေရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့ဝင်ဌာနများက ပူးပေါင်းကြီးကြပ် ဆောင်ရွက်ပေးကြရန်ဖြင့် တိုက်တွန်း မှာကြားသည်။

ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ (၃)လအတွက် ကုမ္ပဏီအလိုက်တင်သွင်းမည့် မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များ အတည်ပြု မှတ်တမ်းတင်ပေးရန်နှင့် နိုင်ငံတကာဈေးနှုန်း အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်း ရှင်များအသင်းမှ ကိုယ်စားလှယ်က မြေဩဇာ ဈေးနှုန်းများနှင့် ဝယ်ယူဖြန့်ဖြူးရောင်းချ အသုံးပြုမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်းဆွေးနွေးကြသည်။ ယင်းနောက် ကော်မတီအဖွဲ့ဝင် ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ် တို့က ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

          ယင်းနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါရုံး စုပေါင်းအစည်းအဝေးခန်းမ၌ နယ်စပ်ရေးရာဝန်ကြီးဌာနအောက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)သို့ တက်ရောက်အောင်မြင်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၌ အကြီးတန်းစာရေးရာထူးအဆင့်ဖြင့် လာရောက်တာဝန်ထမ်းဆောင်ကြမည့် ကျောင်းဆင်း ကျောင်းသား (၄၆) ဦး၊ ကျောင်းသူ (၂၃) ဦး၊ စုစုပေါင်း (၆၉) ဦးနှင့် တွေ့ဆုံကာ ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက် ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို အဓိက ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအောက် ဦးစီးဌာန(၄)ခု၊ သမဝါယမ နှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်နှင့်စစ်ကိုင်း)၊ သမဝါယမကောလိပ်များ ရက်ကန်းသင်တန်း ကျောင်းများအနေဖြင့် နိုင်ငံတော်အစိုးရက ချမှတ်ထားတဲ့ စီးပွားရေးဦးတည်ချက်များ၊ ဝန်ကြီး ဌာနက ချမှတ်ထားတဲ့ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်‌ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ဝန်ထမ်းသစ်များအနေဖြင့် တာဝန်ထမ်းဆောင်ကြရာတွင် သက်ဆိုင်ရာဝန်ကြီးရုံး၊ ဦးစီးဌာနများရှိ ဌာနတွင်းဝန်ထမ်းများနှင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နားလည်မှုရှိရှိဖြင့် တစ်သားတည်းဖြစ်နေရန်၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ပါတီနိုင်ငံရေးကင်းရှင်းရန်၊ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေကို လေးစားလိုက်နာရန်၊ အထူးသဖြင့် ကိုယ်ရောက်ရှိရာ နယ်မြေဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ မိသားစုဝင်ငွေတိုးပွားရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများ စသည့် ဌာန အလိုက်ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းများကို လေ့လာသင်ယူရင်း စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် လုပ်ငန်းတာဝန်များ ကြိုးပမ်းဆောင်ရွက်ရန်၊ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် ဆထက် ထမ်းပိုး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ဝန်ထမ်းသစ်များ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်