Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တပ်ကုန်းမြို့နယ်၊ ရွှေဥဒေါင်းစံပြကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


06 Nov,2024

တပ်ကုန်းမြို့နယ် ရွှေဥဒေါင်းစံပြကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တပ်ကုန်းမြို့နယ်အတွင်းရှိ ရွှေဥဒေါင်းစံပြကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးနှင့် တပ်ကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များနှင့်အတူ ရွှေဥဒေါင်းကျေးရွာ၌  ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

ရွှေဥဒေါင်းစံပြကျေးရွာ ကျေးရွာတွင်းလမ်း အရှည် ၄၅၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြ့ ၇ လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို  ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်းခွင့်ပြုရန်ပုံငွေကျပ် ၁၉ ဒသမ ၇ သန်းဖြင့် ဌာနမှအင်ဂျင်နီယာများစုဖွဲ့ကာ အောက်တိုဘာလ စတုတ္ထအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ  ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် အုတ်စီရေမြောင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၁၉၈ အိမ်၊ လူဦးရေ ၇၃၄ ဦးတို့ကို အကျိုးပြုပေးနိုင်မှာဖြစ်ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်