Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မဲဇလီကုန်း - လေးကြီး ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်း


05 Nov,2024

အင်္ဂပူ နိုဝင်ဘာ ၄

            ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

            ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်တင်တင်မိုးက ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၅၃ ဒသမ ၄၃၅ သန်းဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မဲဇလီကုန်း-လေးကြီး ကျေးလက်လမ်းအရှည် (၀/၄) မိုင်၊အကျယ် ၁၆ ပေ၊ အမြင့် ၁၄ လက်မကို ကျောက်ချောခင်းခြင်း ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် (မြို့ပြ)က လုပ်ငန်းများ အရည်အသွေး ပြည့်မီအောင်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm