Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေတာရှည်မြို့နယ် သမဝါယမအသင်းစုလီမိတက်မှ နေကြာစိုက်အသင်းသားတောင်သူများအား နေကြာမျိုးစေ့နှင့် MPE ဓါတ်မြေသြဇာပုလဲပေးအပ်ပွဲအခမ်းအနား ကျင်းပ


04 Nov,2024

ရေတာရှည် နိုဝင်ဘာ  ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သမဝါယမအသင်းစုလီမိတက်မှ နေကြာစိုက်အသင်းသားတောင်သူများအား နေကြာမျိုးစေ့နှင့် MPE ဓါတ်မြေသြဇာပုလဲပေးအပ်ပွဲ အခမ်းအနားကို သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရေတာရှည်မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဌ ဦးဥက္ကာသန်းမှ တက်ရောက်လာကြသော အသင်းသားတောင်သူများအား နေကြာမျိုးစေ့နှင့် MPE ပုလဲဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ လမ်းညွှန်အဖွင့်အမှာစကားပြောကြား ခဲ့သည်။

ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိမှ နေကြာစိုက်ပျိုးမှုနှင့် သွင်းအားစု ဓာတ်မြေသြဇာ သုံးစွဲမှုအခြေအ နေများအား ဆွေးနွေးလမ်းညွှန်ပြောကြားခဲ့ကြောင်း၊ ရေတာရှည် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်သန်းဦးက ရေတာရှည်မြို့နယ်အနေဖြင့် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးဆောင်ရွက်မှုလုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားပြီး သမဝါယမအသင်း(၅) သင်း၊ အသင်းသားတောင်သူ(၈၂) ဦး၊ စိုက်ပျိုးဧက(၁၅၀) ဧကအတွက် ရေဆင်းစပ်မျိုး(၁)နေကြာမျိုးအိတ် (၁၄၈) အိတ် MPEပုလဲ ဓာတ်မြေသြဇာ(၉၆) အိတ် ပေးအပ်ခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်