ညောင်လေးပင် နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ ဆောင်းဆီထွက်သီးနှံ နေကြာ စိုက်ပျိုးသောသမဝါယမအသင်းသားများအား နေကြာမျိုးစေ့များပေးအပ်ပွဲအခမ်းအနားကို မြို့နယ်သမဝါယမအသင်းစုရုံး၌ ကျင်းပခဲ့သည်။
ညောင်လေးပင်မြို့နယ်တွင် သမဝါယမကဏ္ဍမှ နေကြာစီမံကိန်းကို သမဝါယမအသင်း ၆ သင်းမှ အသင်းသား ၅၇ ဦး၏ စိုက်ဧက ၁၅၀ တွင် နေကြာများ စိုက်ပျိုးဆောင်ရွက် သွားမည်ဖြစ်သည်။ ထိုသို့စိုက်ပျိုးရာတွင် ဆောင်းဆီထွက်သီးနှံနေကြာ ရေဆင်းစပ်မျိုး (၁) တစ်မျိုးတည်းသာ စိုက်ပျိုးသွားမည်ဖြစ်သည်။ နေကြာစိုက်ဧက ၁၅၀ အတွက် ရေဆင်းစပ်မျိုး (၁) နေကြာမျိုးစေ့များကို မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများက အသင်းသားတောင်သူများလယ်ဝယ်သို့ ပေးအပ်ခဲ့သည်။
အဆိုပါဆောင်းသီးနှံနေကြာမျိုးစေ့များပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်သမဝါယမ ဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများ၊ သမဝါယမအသင်းသား တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်