ပြင်ဦးလွင် နို၀င်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မိုးနှောင်းဝါ၊ ဆောင်းနေကြာသီးနှံများနှင့် နို့စားနွားမွေးမြူရေးသမဝါယမ အသင်းများသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဇော်ဦး(ညွှန်ကြားရေးမှူး) နှင့် တာ၀န်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ လွန်ကောင်းကျေးရွာအုပ်စု၊ ဝါးနက်ကျေးရွာအတွင်းရှိ ရွှေ၀တီ(ဝါ)မျိုးစေ့ထုတ်သမဝါယမအသင်း လီမိတက်၏ ဝါစိုက်ပျိုးသည့် အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍လည်းကောင်း၊ နောင်လှိုင် ကျေးရွာရှိ နောင်လှိုင်(စိုက်/ထုတ်)သမဝါယမအသင်းလီမိတက်၏ ဆောင်းနေကြာစိုက်ပျိုးသည့် အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍လည်းကောင်း၊ သင်္ဂတုံကျေးရွာအုပ်စု၊ ရေမောင်းကုန်း ကျေးရွာ၊ ပြင်ဦးလွင်နို့စားနွားမွေးမြူရေးအသင်းလီမိတက်၏ အသင်းသားများနှင့်တွေ့ဆုံ၍ လည်း ကောင်း၊ ၎င်းတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သွေးသွေး(ခရိုင် /ပြန်ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်