ပန်းတနော် နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပန်းတနော်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား အောက်တိုဘာ ၃၁ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်)မှ ဦးကျော်ကျော်ထွေး (အင်ဂျင်နီယာချုပ်-မြို့ပြ) ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပန်းတနော်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး/ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပဆငလမ်းမှ ပန်းတနော်-ဂုံမင်းလမ်းသို့ဆက်သည့်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မအူပင်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် ပန်းတနော်မြို့နယ် ဦးစီးအရာရှိ(မြို့ပြ)(တာဝန်)မှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် အင်ဂျင်နီယာချုပ်(မြို့ပြ)က လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့်အရည်အသွေးပြည့်မီစေရေး အလေးထား ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်