သာစည် နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းသည် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီး ရေလျှံမှုများကြောင့် ပျက်စီးခဲ့ရသည့် ရွှေတုတ်ကုန်း- ညောင်ကုန်းလမ်း ပြုပြင်ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရွှေတုတ်ကုန်း-ညောင်ကုန်းလမ်းသည် လမ်းအရှည် (၂/၃)မိုင်၊ Class A အမျိုးအစား အမာခံလမ်းဖြစ်ပြီး ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကာ ရွှေတုတ်ကုန်း-ညောင်ကုန်းလမ်းတစ်လျှောက် (၂/၀)မိုင်ခန့် ရေတိုက်စား၍ လမ်းအပိုင်းပိုင်း ပြတ်ထွက်ခြင်း၊ လမ်းမျက်နှာပြင်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ရာ ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြုပြင်ဆောင်ရွက်ရာ၌ စနစ်တကျ ဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ရွှေတုတ်ကုန်း-ညောင်ကုန်းလမ်းသည် ရွှေတုတ်ကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာနှင့် ညောင်ပင်လှကျေးရွာရှိ ပြည်သူများ ဆက်သွယ်အသုံးပြုနေသော လမ်းဖြစ်ကြောင်းသိရသည်။
သုတ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။