Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မအူပင်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး


04 Nov,2024

မအူပင် နိုဝင်ဘာ ၃

              ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်အတွင်းရှိ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို နိုဝင်ဘာ ၂ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်)မှ ဦးကျော်ကျော်ထွေး အင်ဂျင်နီယာချုပ်(မြို့ပြ)က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

             ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် အင်ဂျင်နီယာချုပ်(မြို့ပြ)နှင့် အဖွဲ့သည် မအူပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရေလဲကလေး-မလောင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မအူပင်ခရိုင်ရုံးအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စည်ပင်ကုန်း-ဘုရားကုန်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုရာ မအူပင်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် မအူပင်မြို့နယ် ဦးစီးအရာရှိ (မြို့ပြ)(တာဝန်)က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြရာ အင်ဂျင်နီယာချုပ်(မြို့ပြ)က လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ ကြောင်းသိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm