ကျောင်းကုန်း နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ရွှေဘိုတန်း - ဇီးငူလမ်း အမာခံကျောက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) တံတားတည်ဆောက်ရေးအဖွဲ့မှ အင်ဂျင်နီယာချုပ်နှင့် အဖွဲ့သည် ယနေ့နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဌာနမှဆောင်ရွက်သည့် အမှတ်(၃)ရပ်ကွက်၊ ရွှေဘိုတန်း- ဇီးငူလမ်း အမာခံကျောက်လမ်းခင်းခြင်း (ဝ/၃ ဒသမ ၄၈ မိုင် ၁၂ ပေ x ၆လက်မ)လုပ်ငန်းကို ရန်ပုံငွေ ၇၅ ဒသမ ၀၀ သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ၁၅ ရွာ၊ အိမ်ခြေ ၂၄၈၁ အိမ်၊ လူဦးရေ ၁၀၀၈၂ ဦးအား အကျိုးပြုသောလမ်းဖြစ်သည်။
အဆိုပါ အမာခံကျောက်လမ်း လုပ်ငန်းဆောင်ရွက်နေမှုအခြေကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးက လုပ်ငန်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသိန်း၊ ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းနှင့် မြို့နယ်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး အရည်အသွေးပြည့်မီစွာဖြင့် လုပ်ငန်းအချိန်မီပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန်၊ လမ်းဘေးရေမြောင်းများကို စနစ်တကျ ထည့်သွင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်းသိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်