မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျွန်းကလေးကျေးရွာ စခန်းကြီး ပုတီးရိုး - အောက်မအူတုံး - ကညင်ချောင်းကြီးကျေးရွာများရှိ လမ်းလုပ်ငန်းများ၊ ဘုရားစုကျေးရွာတွင် ကွန်ကရစ်ချောင်းကူးတံတားလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ဧရာဝတီတိုင်းတာဝန်ခံ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ကြွယ်ကြွယ်ဝင်း၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဒေါ်မို့မို့သန့်နှင့် ဝန်ထမ်းများသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကော်မတီဝင်များနှင့်အတူ ကျွန်းကလေးကျေးရွာနှင့် စခန်းကြီးပုတီးရိုး- အောက်မအူတုံး-ကညင်ချောင်းကြီးကျေးရွာတွင် ကျောက်ချောလမ်းခင်းခြင်း၊ ဘုရားစုကျေးရွာတွင် ကွန်ကရစ်ချောင်းကူးတံတားဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါကျောက်ချောလမ်းများသည် အရှည်ပေ ၁၉၈ဝ၊ ပေ ၂၆၄၀၊ အကျယ် ၁၆ပေ၊ ထု ၆ လက်မ၊ ဘုရားစုကျေးရွာတွင် ကျောက်ချောလမ်းပေါ်ရှိ ကွန်ကရစ်ချောင်းကူးတံတား အရှည် ၁၅၀ပေ၊ အကျယ် ပေ ၂၀၊ အရှည်ပေ ၅၀၊ အကျယ်ပေ ၂၀ နှင့် အရှည်ပေ ၃၀၊ အကျယ် ပေ ၂၀ ရှိပြီး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ဆောင်ရွက်ခဲ့ရာ အဆိုပါ ကျေးရွာရှိ ကျေးလက်နေပြည်သူများ ရာသီမရွေး လမ်းပန်းဆက်သွယ်ရေးအဆင်ပြေလွယ်ကူစွာ သွားလာနိုင်မည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်