Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကန်ကြီးထောင့်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒိုးပင်ဆိပ်-(ပုသိမ်-ရန်ကုန်လမ်း)ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


04 Nov,2024

ကန်ကြီးထောင့် နိုဝင်ဘာ ၂

            ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒိုးပင်ဆိပ်-(ပုသိမ်-ရန်ကုန်လမ်း)ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေကို ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

           ကန်ကြီးထောင့်မြို့နယ် ဒိုးပင်ဆိပ်-(ပုသိမ်-ရန်ကုန်လမ်း)သည် ကျေးရွာ သုံးရွာ၊ အိမ်ခြေ ၃၈၅ အိမ်၊ လူဦးရေ ၁၆၂၇ ဦးကို အကျိုးပြုသောလမ်းဖြစ်ပြီး လမ်းအရှည် (၀/၂မိုင်× ၁၂' x၇”) ရှိသည်။ အဆိုပါလမ်းကို ကန်ကြီးထောင့်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂ဝ၂၄-၂၀၂၅ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၃၅ ဒသမ ၉၉၅ သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           ထိုသို့ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ)၊ ဦးကျော်ကျော်ထွေးက ကွန်ကရစ်လမ်း ရေရှည်တည်တံ့ကောင်းမွန်စေရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပုသိမ်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းနှင့် မြို့နယ်တာဝန်ရှိသူများက  လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ)က လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm