Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုသိမ်မြို့နယ်အတွင်းရှိ ကျေးလက် လမ်း၊ တံတားလုပ်ငန်းများ တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး


04 Nov,2024

ပုသိမ် နိုဝင်ဘာ ၂

      ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄ - ၂ဝ၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လမ်း၊ တံတားလုပ်ငန်းများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

      ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးသည် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော ငှက်ချေးချောင်း - တောင်ယာကုန်း - ရွာသစ်ကုန်းလမ်း (၀/၄မိုင်×၁၂ပေ×၆လက်မ)  ကျောက်ခင်းခြင်းလုပ်ငန်းနှင့် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် သုတကျော်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သော မှန်စက်ရုံ - အိမ်ကုန်းကြီးလမ်း (၀/၆မိုင် x ၁၈ပေ x ၆လက်မ) ကျောက်ခင်းခြင်းလုပ်ငန်းတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ပုသိမ်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းနှင့် မြို့နယ်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

      ငှက်ချေးချောင်း-တောင်ယာကုန်း-ရွာသစ်ကုန်းလမ်း ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက အကျိုးပြုကျေးရွာ ၁၃ ရွာ၊ အိမ်ခြေ ၁၆၄၁ အိမ်၊ လူဦးရေ ၅၉၆၆ ဦးနှင့် မှန်စက်ရုံ-အိမ်ကုန်းကြီးလမ်း ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက အကျိုးပြုကျေးရွာ ၁၁ ရွာ၊ အိမ်ခြေ ၁၅၀၇ အိမ်၊ လူဦးရေ ၅၄၈၈ ဦးတို့ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm