ဒေးဒရဲ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေး ရည်ရွယ်၍ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တင်ဒါအောင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကြာကရက်- တမော့ကြီး- မဲဇလီ - ဒေါင့်ကြီး ကျေးရွာချင်းဆက်မြေသားလမ်းနှင့် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပဆင-တညင်ကုန်း - သဲကုန်း - ကုန်းတန်းကလေး ကျေးရွာချင်းဆက်လမ်းများ အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေးကြသည်။
အချိန်မီပြီးစီးရေး ဆောင်ရွက်
အောက်တိုဘာ ၃၁ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ တံတားတည်ဆောက်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ဇော်မင်း၊ ဖျာပုံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်လင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ် အရည်အသွေးနှင့် အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သိဒ္ဓိအောင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။