ဖျာပုံ အောက်တိုဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်သမဝါယမဦးစီးဌာန၏အစီအစဉ်ဖြင့် သမဝါယမ အသင်းသားတောင်သူများသို့ မိုးစပါးများစိုက်ပျိုးရန်အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိရာ ဖျာပုံမြို့နယ်၊ ဒေးဒလူ ကျေးရွာအုပ်စု၊ ဘုန်းကြီးသောင်ကျေးရွာ၊ ရွှေပြည်ရန်နိုင်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားများ၏ စိုက်ဧက ၉၀ အတွက် ပံ့ပိုးငွေကျပ် ၁၈ သန်းနှင့်ညီမျှသောသွင်းအားစု များဖြစ်သည့် ကောမက်(ပုလဲ) (၉၇)အိတ်၊ အာမို(ပိုတက်) အိတ်(၅၀)နှင့် ပေါင်းသတ်ဆေးများအား ပံ့ပိုးပေးခဲ့သည်။
အဆိုပါ သမဝါယမအသင်းသားတောင်သူများ၏ လယ်မြေများတွင် တောင်ပျံစပါးများ စိုက်ပျိုးထားရှိပြီး မိုးစပါးစိုက်ပျိုးရာသီတွင် သွင်းအားစုများ အချိန်မီပံ့ပိုးပေးသဖြင့် မိုးစပါးများ အထွက်နှုန်း ပိုမိုကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
သမဝါယမဦးစီးဌာန
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။