နေပြည်တော် နိုဝင်ဘာ ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်း က ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ရှိ နောင်တရား အာလူးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းက ဆောင်ရွက်နေသော တစ်သျှူးကာချာမျိုးပွားခြံသို့ သွားရောက်၍ အဆင့်(၂)သို့ ရောက်ရှိနေပြီဖြစ်သော နယ်သာလန် Markies မျိုး (၄၈) ရက်သား အာလူးတစ်သျှူးကာချာစိုက်ခင်းအား ကြည့်ရှုလေ့လာခဲ့သည်။ အဆိုပါ အာလူးမျိုးများ ကို လုပ်ငန်းစဉ်အတိုင်း အဆင့် (၃) အထိ ဆက်လက်မျိုးပွားစမ်းသပ်ထုတ်လုပ်ပြီး ဒေသခံတောင်သူ များသို့ ၂၀၂၅ ခုနှစ် မေလတွင် စတင်ဖြန့်ဝေစိုက်ပျိုးစေမည် ဖြစ်ပါသည်။ အဆိုပါမျိုးပွားခြံတွင် နိုင်ငံတော် အကြီးအကဲ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လက်ဆောင်ရရှိခဲ့သော အာလူးမျိုးကိုလည်း တစ်သျှူး ကာချာနည်းဖြင့် မျိုးပွားထုတ်လုပ်လျက်ရှိရာ ယခုအခါ အဆင့် (၁) အောင်မြင်သွားပြီ ဖြစ်၍ ရိတ်သိမ်းပြီး အဆင့် (၂) သို့ မြေချစိုက်ပျိုးနိုင်ရေးအတွက် အအေးခန်းတွင် ရက်ပေါင်း ၁၂၀ သိုလှောင်သိမ်းဆည်း ထားလျက် ရှိပါသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပင်လောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ မိုးလုံလေလုံအားကစားခန်းမသို့ သွားရောက်၍ ၂၀၂၅ ခုနှစ်၊ အမျိုးသားအားကစားပွဲတော်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသမီးဘော်လီဘော အသင်းမှ အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက အားကစားသမား များ၊ အသင်းနည်းပြများ၊ အုပ်ချုပ်သူများအား ထောက်ပံ့ငွေများကိုလည်းကောင်း၊ အင်အားဖြည့် အစားအစာနှင့် အချိုရည်များကိုလည်းကောင်း ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး တွင် ဝန်ကြီးဌာနအောက် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဆီထွက်သီးနှံများ အပါအဝင် ဒေသ၏စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၌ ကုန်ထုတ်သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်၊ မိမိတို့တန်ဖိုးထားသော ဝန်ထမ်းဘဝ မြင့်မားတိုးတက်ရေးအတွက် ကြိုးစားကြရန် တိုက်တွန်းမှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်ပြီး ဝန်ထမ်းများအတွက် ဆန်၊ ဆီနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ တန်ဖိုးမြင့် ထုတ်ကုန်နည်းပညာများ ပံ့ပိုးပေးထားသော ထူးမြတ် သဘာဝဒေသထွက်ကုန် လက်ဘက်စို ရောင်းဝယ်ရေးလုပ်ငန်းကိုလည်းကောင်း၊ ရွှေရွက်စိမ်း လက်ဘက်စို၊ လက်ဘက်ခြောက်ပွဲရုံကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလုပ်ငန်းရှင်များအတွက် လုပ်ငန်းသုံးပစ္စည်းများ ဖြစ်သော လက်ဖက်စိုလှိမ့်စက်နှင့် အိတ်ပိတ်စက်များကို အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ကူညီပံ့ပိုးပေးထားခြင်းဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်