Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ခရိုင်ဦးစီးမှူးများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲသို့ တက်ရောက်မှာကြား


31 Oct,2024

နေပြည်တော် အောက်တိုဘာ ၃၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက် ဦးစီးဌာနများမှ ခရိုင်ဦးစီးမှူးများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့ထိ သင်တန်းသား (၅၀) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသ ကြီး/ ပြည်နယ်အသီးသီးမှ ခရိုင်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက် နေပြည်သူများရဲ့ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုဝင်ငွေ တိုးပွားရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များကို အဓိကထားပြီး သမဝါယမစနစ်ဖြင့် လိုအပ်သည့် နည်းပညာ၊ သွင်းအားစု၊ စက်ကိရိယာ၊ အရင်းအနှီးနှင့် ဈေးကွက်ရရှိအောင် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်တန်းတက်ရောက်ခဲ့သည့်ကာလအတွင်း ဌာနအသီးသီးမှ တာဝန်ရှိသူများရဲ့ သင်ကြား ပို့ချမှုများကို လေ့လာမှတ်သားသင်ယူခဲ့ရသည့်အတွက် လုပ်ငန်းတာဝန်များ ပိုမိုသိမြင်နားလည်လာ ပြီး တစ်ဦးချင်း အရည်အချင်းများ တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ ပို့ချပေးလိုက် သည့် ပညာရပ်များကို အသိဉာဏ်နှင့် ဆင်ခြင်သုံးသပ်ပြီး လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချစေလို ကြောင်း၊ ပေးအပ်ထားတဲ့တာဝန်များကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ 

ဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြရန်နှင့်  ပူးပေါင်းဆောင်ရွက်ခြင်းသည် လုပ်ငန်းများ ပိုမိုမြန်ဆန်သွက်လက် အောင်မြင်နိုင်သည့် အကျိုးကျေးဇူးရနိုင်သဖြင့် အလွန်အရေး ကြီးပါကြောင်း၊ သင်တန်းမှပို့ချပေးလိုက်သည့် ပညာရပ်များကို လက်အောက်ဝန်ထမ်းများ သိသင့် သိထိုက်သည်များ ပြန်လည်မျှဝေပေးကြရန်၊ လုပ်ငန်းခွင်အတွင်း အပြည့်အဝ ပြန်လည်အသုံးချ ကြရန် ထပ်လောင်းပြောကြားလိုကြောင်း၊ လုပ်ငန်းတိုင်းတွင် အခက်အခဲဆိုသည်မှာ တွေ့ကြုံနိုင် ကြောင်း၊ အခက်အခဲပြဿနာတိုင်းတွင်လည်း အဖြေရှိကြောင်း၊ မည်သို့ ရင်ဆိုင်ကျော်ဖြတ်မည်ကို အဖြေရှာပြီး တစ်စိုက်မတ်မတ် ဆောင်ရွက်ပါက မအောင်မြင်သော အလုပ်မရှိပါကြောင်း၊ စုပေါင်း ကြိုးစားဆောင်ရွက်ခြင်းဖြင့် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အသိပညာ၊ အတတ်ပညာများ အသုံးပြုပြီး လုပ်ငန်းများ အောင်မြင်အောင် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနက ထုတ်ပြန်ထားသော မူဝါဒ၊ လုပ်ငန်းစဉ်များ၊ တည်ဆဲဥပဒေများနှင့်အညီ အဂတိတရားကင်းရှင်းစွာဖြင့် ရုံးလုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်းဖြင့် တိုက်တွန်းမှာကြား သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ရာ သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့က လက်ခံ ရယူကြသည်။

ထို့နောက် သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက သင်တန်းတက် ရောက်ခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးများ၊ ဆက်စပ်ဦးစီးဌာနများ၏ လုပ်ငန်းဗဟုသုတများ ကို ရှင်းလင်းဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ သုံးသပ်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm