Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နေကြာစိုက်သမဝါယမအသင်းများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ


31 Oct,2024

နေပြည်တော် အောက်တိုဘာ ၃၁

          ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် နေကြာစိုက်ပျိုးရေးကို ဧက ၃၀၀၀ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ နေကြာစိုက်သမဝါယမအသင်းများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်နေ့က နေပြည်တော်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

          အစည်းအဝေးတွင်  နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးက ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် နေကြာစိုက်ပျိုးရေးကို ဧက ၃၀၀၀ ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ရာ အထွက်တိုးမျိုးများဖြစ်သည့် ရေဆင်းစပ်မျိုး(၁) နှင့် ဆူရာကီရမ် နေကြာမျိုးတို့ကို မဖြစ်မနေ ပြောင်းလဲစိုက်ပျိုးသွားရန်၊ ဆောင်းနေကြာစိုက်ပျိုးသောတောင်သူများမှ လိုအပ်သော မျိုး၊ မြေဩဇာများနှင့်သွင်းအားစုများကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး လိုအပ်သော အိတ်အရေအတွက် ကို စာရင်းပြုစု၍ သက်ဆိုင်ရာမြို့နယ်သမဝါယမဦးစီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်သွား ကြရန်၊ နေကြာစိုက်တောင်သူများအနေဖြင့်လည်း နေကြာမျိုးများ ဝတ်မှုန်ကူးရာတွင် လိုအပ်သော ပျားပုံးများရရှိရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်သဖြင့် အသင်းသားတောင်သူများ၏ နေကြာစိုက်ပျိုးသည့်တည်နေရာများအား Google Map မြေပုံများဖြင့် သက်ဆိုင်ရာမြို့နယ်များမှ ပေးပို့ဆောင်ရွက်သွားရန်၊ နေကြာစိုက်တောင်သူများအနေဖြင့် နေကြာ မျိုးစေ့ချစက် (Seeder)များကို ဝယ်ယူ/ငှားရမ်းလိုပါက သက်ဆိုင်ရာမြို့နယ်သမဝါယမဦးစီးဌာနများ နှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

          ဆက်လက်၍  တက်ရောက်လာကြသော နေကြာစိုက်သမဝါယမအသင်းအမှုဆောင်များမှ ၎င်းတို့၏မျိုးလိုအပ်ချက်၊ မြေဩဇာလိုအပ်ချက်၊ ရေလိုအပ်ချက်အခြေအနေများ၊ အခြားညှိနှိုင်း ဆောင်ရွက်လိုသည့်ကိစ္စများနှင့်စပ်လျဉ်း၍ တင်ပြချက်များအပေါ် နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ နေပြည်တော်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူ များ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိများ၊ နေပြည်တော်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့်  နေကြာစိုက်သမဝါယမအသင်း ၄၈ သင်းမှ အမှုဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm